Monday, August 15, 2011

ရိုးရိုးလူ

ပန်းကို ရှက်၍
မျက်နှာဝှက်ကာ ကျွန်တော်နေသည် ... ၊

လွမ်းလောက်အောင်ကို
ငယ်ရုပ်ပြိုခဲ့ ...
မရင့်ဘဲ ရော်
မရော်ဘဲ ရိ
မရိဘဲ ဆွေး ...
ချေးညှော်ထပ်ထပ်
လူတို့ဇာတ်မှာ .... ။

ပန်းကို ရှက်၍
မျက်နှာဝှက်ကာ ကျွန်တော်နေသည် ...၊
အသွေးရနံ့
တည်တံ့တံ့နှင့် ပွင့်ခြင်းမြင့်မြတ်
ပန်းတို့ဇာတ်မှာ .... ။

သုထက်မှူး

No comments:

Post a Comment